Headlines News :
Home » » အလုပ်ထဲမှာ ရွှင်လန်းတက်ကြွနေစေဖို့

အလုပ်ထဲမှာ ရွှင်လန်းတက်ကြွနေစေဖို့

Written By MyanMar on Tuesday | 10:30 AM




လုပ်ငန်းခွင်ထဲမှာ ၀န်ထမ်းတွေ ရွှင်လန်းတက်ကြွနေစေဖို့ ဘာလုပ်ပေးသင့် သလဲ။ လစာများများပေးလိုက်၊ အခွင့် အရေးများများပေးလိုက်၊ ခွင့်ပေါင်းစုံကို အဆင်ပြေသလိုပေးလိုက် ဒါဆိုရင် ဘယ် ၀န်ထမ်းမဆို လုပ်ငန်းခွင်မှာ တက်ကြွ နေမှာ အမှန်ပဲလို့ လူပိန်းတွေးတွေးပြီး အလွယ်တကူပြောကြမယ့်လူတွေ အတော် များများရှိလိမ့်မယ်။ အဲဒီအချက်တွေဟာ လုပ်ငန်းရှင်က မတွန့်မတို စေတနာဗရပွနဲ့ ဆောင်ရွက်ပေးနိုင်တယ်ဆိုရင် ကောင်း တာပေါ့။ ဒါပေမဲ့ အဲဒီ အခွင့်အရေးတွေ ပေးတိုင်း လုပ်ငန်းခွင်မှာ ၀န်ထမ်းတွေ အမှန်တကယ်ပဲ ရွှင်လန်းတက်ကြွမှု အမြဲ ရှိပါ့မလား စဉ်းစားကြည့်ဖို့ လိုလိမ့်မယ်။

လူအတော်များများဟာ မဆုံးနိုင်တဲ့ ဆန်္ဒရမ်္မက်တွေရှိတတ်ကြတယ်။ တစ်ဖက် ကပြည့်ရင် တစ်ဖက်မှာလိုနေတတ်တယ်။ အဲဒီအာသာဆန်္ဒကို ပြည့်ဝအောင် ဖြည့် ပေးနိုင်ဖို့ဆိုတာဟာ လုပ်ငန်းရှင် အမှန်ပဲ အခက်အခဲရှိလိမ့်မယ်။ အလုပ်ရှင်ဟာ ၀န်ထမ်းတွေ၊ အလုပ်သမားတွေကို သူ ခွင့်ပြုနိုင်တဲ့ အတိုင်းအတာအောက်မှာပဲ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို ခွင့်ပြု တတ်တယ်။ ရလေလိုလေ အိုတစေ်္ဆလုပ်ပြီး တစ်ဆင့်ချင်း တက်လာမယ့်ကိစ်္စတွေကို တော့ ခေါင်းရမ်းငြင်းဆန်လိမ့်မယ်။

သူဟာ ပေသီးအမြဲခေါက်နေတတ် လေတော့ သူ့ရဲ့ အမြတ်အစွန်း အတိုင်း အတာ တစ်ခုကိုသာ သူ့ဝန်ထမ်းတွေ အတွက် သုံးမှာ အမှန်ပဲ။ ခွင့်ပြုနိုင်တဲ့ ဘောင်ထဲမှာပဲ ထိန်းညှိအဆင်ပြေစေမှာ ဟာ ဗေဒင်မေးစရာ မလိုတဲ့ကိစ်္စတစ်ခု ဖြစ်လိမ့်မယ်။ နောက်သူစဉ်းစားမှာက ၀န်ထမ်းတွေကို စောစောကပြောတဲ့ ရိက်္ခာ လစာတွေ၊ အခွင့်အရေးတွေပေးပြီး အလုပ်ခွင်မှာ ရွှင်လန်းတက်ကြွနေစေတာ ထက် တခြားတခြားနည်းလမ်းတွေကို စဉ်းစားမှာလည်း သေချာတယ်။ ပေးဆပ် ရမှုနည်းနည်းနဲ့ အကျိုးကျေးဇူးများများ ရအောင် ရှာဖွေကြည့်လိမ့်မယ်။

ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်း၊ ကာရိုလင် စကာ အင်စတီကျုက သုတေသီများရဲ့ သုတေသန လေ့လာတွေ့ရှိချက်ကတော့ လုပ်ငန်းခွင်က ၀န်ထမ်းတွေကို အလုပ်ထဲ မှာ တက်ကြွရွှင်လန်းနေစေဖို့ အချိန်ပေးပြီး လေ့ကျင့်ခန်းတွေ လုပ်ခိုင်းရမတဲ့။ ဘယ် လောက်အဆင်ပြေသလဲ။ အလုပ်ချိန် အတွင်းမှာ တစ်ရက်မိနစ်နှစ်ဆယ် အစိတ် လောက် အချိန်ပေးပြီး လေ့ကျင့်ခန်း လုပ်ခိုင်း၊ တစ်ပတ်မှာ နှစ်နာရီခွဲလောက်ပဲ လိုသတဲ့။ နားနေချိန်မှာ အဲဒီလောက် အချိန်ကလေးပေးပြီး ၀န်ထမ်းတွေ လေ့ကျင့်ခန်းလုပ်ခိုင်းရတာကလည်း ခက်မယ်မထင်ဘူး။

တရုတ်၊ ဂျပန်စတဲ့ နိုင်ငံတချို့မှာ နေ့လယ်ပိုင်း အလုပ်သမားနားနေချိန် နာရီဝက်လောက်ကို အိပ်စက်အနားယူဖို့ လုပ်ငန်းရှင်တွေက ခွင့်ပြုတတ်တယ်။ ၀န်ထမ်းအများစုကတော့ ဆယ်မိနစ် ဆယ့်ငါးမိနစ်အိပ်ပျော်အောင် အိပ်လိုက် ကြတာများတယ်။ ခေါင်းထဲမှာ ဘာအလုပ် ကိုမှ မထားတော့ဘဲ ခဏနားလိုက်ရတော့ လုပ်စွမ်းရည်တက်လာတယ်လို့ ကြားဖူး တယ်။ အခုကတော့ အိပ်ရမယ့် အချိန်ကို မအိပ်ဘဲ လေ့ကျင့်ခန်းလုပ်ကြရမှာတဲ့။ လေ့ကျင့်ခန်းဆိုရာမှာလည်း ပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုး မလုပ်ဘဲ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း(Light Exercises)ပဲ ဖြစ်လိမ့်မယ်ထင်တယ်။ အားကစားခန်းမ မှာ သွားပြီးလုပ်ရတာ မျိုးမဟုတ်ဘဲ ကိုယ့် လုပ်ငန်းခွင်မှာ ရုံးခန်းထဲမှာပဲ လုပ်ကြ ရတာဆိုတော့ ခြေဆန့်လက်ဆန့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလောက်သာ ဖြစ်ဖို့ များပါတယ်။

အဲဒီအင်စတီကျုရဲ့ အဆိုအရ သူတို့ ဟာ အဲဒီလေ့လာသုတေသနပြုမှုကို အချိန်အတော်ကြာလုပ်ခဲ့ကြသတဲ့။ ၀န်ထမ်းတွေကို အုပ်စုသုံးခုခွဲပြီး သုတေ သနပြုရာမှာ ပထမအုပ်စုကို အလုပ်ချိန် အတွင်းမှာ အနားယူ လေ့ကျင့်ခန်း လုပ်စေပြီး ဒုတိယအုပ်စုကိုတော့ အလုပ် ချိန်မှာ အနားပေးထားပေမဲ့ လေ့ကျင့်ခန်း ကိုတော့ မလုပ်စေပါဘူး။ တတိယအုပ်စု ကိုတော့ ပုံမှန်အတိုင်းသာ အလုပ်လုပ် စေခဲ့ပါတယ်။
ဒီတော့ ဒုတိယနဲ့တတိယအုပ်စုများ နဲ့ မတူဘဲ ပထမအုပ်စုဟာ အလုပ်ခွင်မှာ ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွရှိနေ တာကိုတွေ့ရသတဲ့။ ၀န်ထမ်းများရဲ့ ကိုယ်တိုင်ဝန်ခံချက် အရဆိုရင် သူတို့ဟာ အရင်ကနဲ့ မတူဘဲ ကိုယ်စွမ်းကိုယ်စ ပိုရှိ လာတယ်၊ လုပ်ရည်ကိုင်ရည်ပိုကောင်း လာတယ်လို့ ခံစားရသတဲ့။ အထူးခြားဆုံး ကတော့ အဲဒီအုပ်စုလေးဟာ ကျန်းမာရေး ပိုမိုကောင်းမွန်လာရုံမက ခွင့်ယူတဲ့ ရက် တွေ နည်းသွားတာပဲဖြစ်ပါတယ်။ လုပ်ငန်း ခွင်ထဲမှာ ပိုမိုဖင်မြဲနေလေတော့ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရာမှာ အဆင်ပြေရုံ မက အလုပ်ရှင် ဒါမှမဟုတ် တာဝန်ရှိ သူများနဲ့လည်း အဖုအထစ်နည်းသွားစေ တာ အမှန်ပဲ။

အဲဒီလေ့လာတွေ့ရှိချက်များကို ဆွီဒင်သုတေသီများက အလုပ်အကိုင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆေးပညာ ဂျာနယ်မှာ အရေးတယူဖော်ပြခဲ့ကြတာ ပါ။ ကိုယ့်ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ လုပ်ငန်းခွင်မှာ တက်ကြွရွှင်လန်းစွာ အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အကုန် အကျနည်းပါးစွာ ဆောင်ရွက်နိုင်တဲ့ကိစ်္စပဲ ဖြစ်ပါတယ်။ လုပ်ငန်းရှင်အနေနဲ့ စွန့်လွှတ် လိုက်ရတဲ့ နားနေချိန် မိနစ်နှစ်ဆယ် အစိတ်နဲ့ ပြန်လည်ရရှိနိုင်တဲ့ အခွင့်အရေး က ပိုမိုနေတာကြောင့် ကျေနပ်နိုင်ပါလိမ့် မယ်။

ဟုတ်တယ်လေ၊ လုပ်ငန်းခွင်ထဲမှာ ရွှင်လန်းတက်ကြွစွာ အလုပ်လုပ်နေကြ မယ်ဆိုရင် ဓမ်္မတာပဲ ကုန်ထုတ် စွမ်းအား တွေဟာ တိုးတက်လာမှာဖြစ်ပါတယ်။ မိမိဝန်ထမ်းတွေ၊ အလုပ်သမားတွေရဲ့ ကုန်ထုတ်စွမ်းအား တိုးတက်လာမှုဟာ အလုပ်ရှင်အတွက် မင်္ဂလာကိစ်္စပဲ မဟုတ် လား။ အရင်းအနှီးနည်းနည်းလေးနဲ့ အကျိုးအမြတ်များများရစေတဲ့ ဒီလုပ်ငန်း ခွင်အတွင်း လေ့ကျင့်ခန်းဆောင်ရွက်တဲ့ အစီအစဉ်ဟာ လုပ်ငန်းရှင်တွေ၊ ၀န်ထမ်း အကြီးအကဲတွေ သဘောကျကြမှာ သေချာပါတယ်။

ဘယ်လုပ်ငန်း၊ ဘယ်ကုမ်္ပဏီ အဖွဲ့ အစည်းမဆို အထက်နဲ့အောက် ““ဟာမိုနီ”” ဖြစ်နေကြမှသာ လုပ်ငန်းအောင်မြင်တတ် ပါတယ်။ ၀န်ထမ်းတွေနဲ့ တာဝန်ရှိသူ အဆင့်ဆင့် အဆင်ပြေချောမွေ့နေမှ 
ကုန်ထုတ်စွမ်းအားတိုးမြင့်ရေးအတွက် အာမခံနိုင်မှာ မဟုတ်လား။ ဒီအတွက် လည်း ငွေကြေး၊ အခွင့်အရေးနဲ့ တခြား ကောင်းနိုးရာရာတွေကို အသုံးချရင်း အဆင်ပြေ ညီညွတ်အောင်လုပ်ဆောင် ခဲ့ကြပေမဲ့လည်း ထင်သလောက်ရလဒ် မကောင်းတဲ့ အခြင်းအရာတွေကိုလည်း တွေ့ကြုံရင်ဆိုင်ရလေ့ရှိတတ်ပါတယ်။ ဒါပေမဲ့ အခုဆွီဒင်သုတေသီတွေရဲ့ လုပ်ငန်းခွင်အတွင်း ကျန်းမာရေး လေ့ကျင့် စေတဲ့ အစီအစဉ်ကတော့ အဖိုးနည်းဝန်ပါ ကိစ်္စမို့ အတော်များများ လုပ်ငန်းရှင်တွေ သဘောကျကြမှာပါ။

သုဝဏ်္ဏသာမဇာတ်ထဲက သား ရွှေအိုးထမ်းလာတာမြင်ချင်ပါတယ်ဆိုတဲ့ ဆုတောင်းစကားလို မိဘနှစ်ပါးရဲ့ မျက်စိ လည်းမြင်၊ သားလည်းမြားဆိပ်သင့်ရာက ပျောက်ကင်းကျန်းမာလာတဲ့အပြင် အနာဂတ်ဘ၀သာယာရေးအတွက် ရွှေအိုး ကြီးတစ်လုံးပါ သားရဲ့ပုခုံးပေါ်မှာ ပါလာ လေတော့ တစ်ချက်ခုတ်သုံးချက်ပြတ်သွား တဲ့ အဖြစ်မျိုးကို ဘယ်သူမဆို ကြုံဆုံချင် ကြလိမ့်မယ်။ အခုလုပ်ငန်းခွင်အတွင်း ကျန်းမာရေးလေ့ကျင့်စေတဲ့ အစီအစဉ် ကလည်း သားရွှေအိုးထမ်းလာတာပါပဲ။ အလုပ်သမား ဒါမှမဟုတ် ၀န်ထမ်းလည်း ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်ရည် ကိုယ်သွေးမြင့်တက်လာ၊ လုပ်ငန်းရှင် လည်း လုပ်ငန်းခွင်အဆင်ပြေစေဖို့ ငွေကြေးအမြောက်အမြား ကုန်ကျစရာ မလိုဘဲ ကုန်ထုတ်စွမ်းအားပါ တက်လာစေ မယ့် ကိစ်္စမျိုးဆိုတော့ ဒါကို ဘယ်လုပ်ငန်း ရှင်ကမှ ခေါင်းရမ်းငြင်းဆိုလိမ့်မယ် မထင် ပါဘူး။
ဒါကြောင့် ပေါချောင်ကောင်းတဲ့ ကိစ်္စကို လုပ်ငန်းရှင်အားလုံးပဲ လက်ကမ်း ကြိုဆိုကြလိမ့်မယ် ထင်ပါတယ်။ စမ်းသပ် အသုံးပြုကြလိမ့်မယ် ထင်ပါတယ်။ 


ထက်ကျော်
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2011. 123 - All Rights Reserved
Template Design by Creating Website Published by Mas Template